Monday, July 21, 2014
မန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အိမ်သုံးကြိုးဖုန်းများမှတစ်ဆင့် မြန်နှုန်းမြင့် အင်တာနက်ဝန်ဆောင်မှုပေးမည်
ရန်ကုန်၊ ဇူလိုင် ၁၉- အိမ်တိုင်းတွင် ကြိုးဖုန်းများ သုံးစွဲနိုင်ရန်နှင့် ယင်း ကြိုးဖုန်းမှတစ်ဆင့် မြန်နှုန်းမြင့်အင် တာနက်အသုံးပြုနိုင်ရန် ဝန်ဆောင် မှုပေးသွားမည်ဖြစ်ကြောင်း အော်ပ ရေတာတစ်ခုအဖြစ် လုပ်ကိုင်မည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT) မှ အထွေထွေမန်နေဂျာ ဦးခင်မောင် ထွန်းက ပြောသည်။
ဂျပန်ကုမ္ပဏီများဖြစ်သည့် KDDI နှင့် Sumitomo ကော်ပိုရေးရှင်းတို့ နှင့်ပူးပေါင်း၍ ယင်းကဲ့သို့ကြိုးဖုန်းများ အသုံးပြုနိုင်ရန်အတွက် ဆက်သွယ် ရေးကွန်ရက်များတိုးချဲ့သွားမည်ြ
ဖစ် ကာ လက်ရှိသုံးစွဲနေသည့်အင်တာ နက်လိုင်းထက် မြန်နှုန်းများစွာမြင့် သည့် အင်တာနက်လိုင်း တိုးချဲ့ဝန် ဆောင်မှုပေးနိုင်ရန် လပိုင်းအတွင်း ဂျပန်ကုမ္ပဏီနှစ်ခုနှင့် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အထွေထွေမန် နေဂျာဦးခင်မောင်ထွန်းကပြောသည်။
ယင်းက ''အော်ပရေတာတစ်ခု ဖြစ်သွားရင်ဆက်သွယ်ရေး ဝန်ဆောင် မှုပေးမှာတွေ အများကြီးပေးမှာပါ။ ကြိုးဖုန်းတွေ လဲဈေးလျှော့ပေး ဖို့ အစီ အစဉ်တွေရှိတယ်။ လက်ရှိသုံးနေတဲ့ အင်တာနက်လိုင်းထက် ပိုကောင်း အောင် ကွန်ရက်ဖြန့်ကြက်တာတွေ လုပ်မှာပါ''ဟုပြောသည်။
အဆိုပါဂျပန်ကုမ္ပဏီနှစ်ခုနှင့် ပူးပေါင်း၍ မိုဘိုင်းဖုန်းဆက်သွယ်ရေး ကွန်ရက် ဖြန့်ကြက်ခြင်းများအပြင် ကြိုးဖုန်းမှတစ်ဆင့် အင်တာနက်ချိတ် ဆက်အသုံးပြုခြင်းများအတွက် ဒေ တာအသုံးပြုရာတွင် လုပ်ငန်းအမျိုး အစားပေါ်မူတည်၍ Data Usage အမျိုးမျိုးဖြင့်ရောင်းချနိုင်ရန် ဆောင် ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
ယင်းနှင့်ပတ်သက်၍ KDDI မှ မစ္စတာ Tajima က ''ဒီနိုင်ငံမှာ အဓိကလိုအပ်နေတာကတော့ နက် ဝပ်ခ်ပိုင်းပေါ့။ ရှိပြီးသားနက်ဝပ်ခ်ပိုင်း ကို တိုးချဲ့ပြင်ဆင်ရုံပဲဖြစ်တဲ့အတွက် တခြားအော်ပရေတာတွေထက် အား သာချက်တွေရှိနိုင်မှာပါ။ ဂျပန်မှာပေး နေတဲ့ဝန်ဆောင်မှုတွေအတိုင်း KDDI က အင်တာနက်နဲ့ နက်ဝပ်ခ်ပိုင်းပြ ဿ နာကိုဖြေရှင်းမယ်''ဟုပြောသည်။
လက်ရှိတွင် ဆက်သွယ်ရေးသ တင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာနမှ ကြိုဖုန်းများကို တိုင်း နှင့် ပြည်နယ်အသီးသီး တွင် ဈေးနှုန်း များလျှော့ချရောင်းချပေးနိုင်ရန် လွှတ် တော်မှတစ်ဆင့် ဖြေကြားခဲ့ခြင်းများ ရှိခဲ့ကြောင်း သိရသည်။
ကမာရွတ်မြို့နယ်နေ ကုမ္ပဏီ ဝန်ထမ်းတစ်ဦးဖြစ်သည့် ဦးအောင် ဝင်းက ''အခုကတော့မိုဘိုင်းဖုန်းတွေ ပဲသုံးတာများတာပေါ့။ အင်တာနက် သုံးလဲ မိုဘိုင်းဖုန်းကနေ သုံးတယ်။ အိမ်တိုင်းကတော့ ကြိုးဖုန်းတွေရှိမယ် ဆိုရင်တော့ အဆင်ပြေတာပေါ့။ အ ရည်အသွေးလဲကောင်းမယ်။ အားလုံး တတ်နိုင်တဲ့ဈေးဆိုရင် ပြည်သူတွေ ကသုံးမှာပါပဲ''ဟု ပြောသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မှ အော်တိုကြိုးဖုန်း များကို ၂၀၁၁ခု နှစ်က ကျပ် ခြောက်သိန်းဖြင့် အရစ် ကျပေးချေသည့်စနစ်ဖြင့် မြို့နယ်အ လိုက် ရောင်းချပေးခဲ့ခြင်းများရှိပြီး လက်ရှိတွင် ပုဂ္ဂလိကကုမ္ပဏီများကို မြို့နယ်နှစ်မြို့နယ်၌ လိုင်းနှင့်ပတ် သက်၍ ပြုပြင်ထိန်းသိမ်းခြင်းများ ဆောင်ရွက်ရန် လွှဲပြောင်းလုပ်ကိုင် ခွင့်ပြုထားကြောင်းသိရသည်။
Ref: Yangon Media Group

သင့်ဖုန်းရဲ့ lock screen မှာ အရေးပေါ် ခေါ်ဆိုနိုင်မယ့် ဖုန်းနံပါတ်များကို မြင်ရအောင်လုပ်ဆောင်ခြင်း(ANDROID )
ကျွန်တော်တို့အနေဖြင့် သင့်ရဲ့ Android device များကို passcode နဲ့ ခံထားဖို့ အလေးအနက်တိုက်တွန်းပါတယ်။ ယင်းကဲ့သို့ပြုလုပ်ထားခြင်းဖြင့် အခြားသူများက သင့်ရဲ့ဖုန်းကိုတွေ့ရှိတဲ့အခါမှာ အသုံးမပြုနိုင်အောင်ကာကွယ်တားဆီးထားနိုင်မှာဖြစ်ပါတယ်။
သို့ရာတွင် အဆိုပါဖုန်းကို တွေ့ရှိရတဲ့သူတစ်ယောက်က သင့်ကိုပြန်ပေးဖို့အတွက် သင့်ရဲ့ ဖုန်းက lock ချထားတယ်ဆိုလျှင် သူတို့က သင့်ဖုန်းရဲ့ Contacts ကို မမြင်နိုင်လို့ ပြန်လည်ဆက်သွယ်နိုင်မှာမဟုတ်ပါဘူး။ ဒီပြဿနာကိုဖြေရှင်းဖို့အတွက် အကောင်းဆုံးသောနည်းလမ်းကတော့ သင့်ရဲ့ Android lock screen မှာ emergency message ကိုထားရှိဖို့ပါပဲ။
ယင်းကိုလုပ်ဆောင်ရန်အတွက် Settings->Security ကနေ ‘Owner info’ ကို တို့ထိပါ။ ‘Show owner info on lock screen’ ကို အမှန်ခြစ်ပြီး သင့်ရဲ့ lock screen မှာပေါ်ချင်တဲ့ message ကိုရိုက်ထည့်ထားပါ။
===========================
Nyein Chan (TSJ Tech Team)
Computer Active Issue 427 မှ
===========================
TechSpace Journal
http://wrtc-team.blogspot.com/2014/07/lock-screen-android.html

ခေါက်ထားနိုင်သော တီဗီများ မကြာမီလာတော့မည်
LG သည် စက္ကူတမျှ ပါးလွှာ သော တီဗီသစ် နှစ်မျိုးကို မိတ်ဆက် ပြသလိုက်ပြီ ဖြစ်သည်။ တီဗီမော်ဒယ်သစ် တစ်မျိုးသည် ပါးလွှာ ပျော့ပျောင်း လွန်းသဖြင့် လိပ်ထားလိုက်လျှင် အချင်း (၃) စင်တီမီတာသာ ရှိသော အလိပ် အနေအထားထိ ရောက်ရှိနိုင်ကြောင်း သိရသည်။
ဖန်သားပြင် လက်မ (၆၀) ရှိ မည့် လိပ်နိုင် ခေါက်နိုင်သော ဖန်သားပြင် ပါဝင်သော တီဗီမျိုး လာ မည့် ၂၀၁၇ ခုနှစ်တွင် စတင်ထုတ် လုပ်နိုင်မည်ဟု LG က ဆိုသည်။ ယခု နှစ်ဆန်းပိုင်းတွင် LG သည် CES အီလက်ထရောနစ်နှင့် လူသုံးကုန် ပစ္စည်းများပြပွဲ၌ ပထမဆုံးသော ပျော့ပျောင်းသည့် ဖန်သားပြင်တီဗီ ကို ပွဲထုတ် ပြသခဲ့သည်။
ပျော့ပြောင်းပြီး လိပ်နိုင် ခေါက်နိုင်သော ဖန်သားပြင်ပါသည့် တီဗီများကြောင့် ရုပ်သံကြည့်ရှုမှု ခေတ်တစ် မျိုးတစ်ဖုံ ပြောင်းလဲသွားမည်ဟု ကျွမ်းကျင်သူများက ခန့်မှန်း ထားသည်။ အချင်း (၃) စင်တီမီတာ ရှိသော အလိပ်တစ်ခု အဖြစ်ထိ လိပ်ထားလိုက် သည့်တိုင် တီဗီရုပ်ထွက်ကို ထိခိုက်ခြင်းမရှိဘဲ ကောင်းမွန်စွာ ဆက်လက် ပြသနိုင်ကြောင်း တွေ့ရသည်။
ပျော့ပျောင်းပြီး ခေါက်လွယ် လိပ်လွယ်ရှိသော ဖန်သားပြင်များကြောင့် တီဗီများကို နေရာအမျိုးမျိုးတွင် လိုသလို တပ်ဆင်နိုင်သည့် အကျိုးကိုလည်း ရမည်ဖြစ်သည်။
Source: BBC
The Messenger
http://wrtc-team.blogspot.com/2014/07/blog-post_21.html

Subscribe to:
Posts (Atom)