စာအုပ်--ကျွန်ုပ်နှင့် အဘိုးပေါက်ပီ၏ ဘ၀မှတ်တမ်း(ပထမ+ဒုတိယ)
ရေးသားသူ---- - ဆွေမင်း(ဓနုဖြူ)
ပထမပိုင်း
Download Here
စာအုပ်--ကျွန်ုပ်နှင့် အဘိုးပေါက်ပီ၏ ဘ၀မှတ်တမ်း(ပထမ+ဒုတိယ)
ရေးသားသူ---- - ဆွေမင်း(ဓနုဖြူ)
ပထမပိုင်း
Download Here
နေ့ဆိုရင်နေ့-ညဆိုရင်ည ဒီဇိုင်းချိန်းပေးတဲ့ Day Night Live Wallpaper (All) v1.1.0 Apk http://feedproxy.google.com/~r/blogspot/YoKiT/~3/-rpLCeJJHnM/day-night-live-wallpaper-all-v110-apk.html
(၁) iPhone ကို လှုပ်ယမ်းပြီး undo လုပ်ခြင်း
စာရိုက်သည့်အခါ သို့မဟုတ် ဓာတ်ပုံတစ်ပုံကို ပြင်ဆင်မှုပြုလုပ်သည့်အခါ အမှားအယွင်း တစ်စုံတစ်ရာ ပြုလုပ်မိပါက ဖုန်းကို အနည်းငယ် လှုပ်ယမ်းပြီး undo ပြုလုပ်နိုင်သည်။
(၂) Airplane mode သို့ပြောင်းပြီး ဘက်ထရီကို လျင်မြန်စွာ အားသွင်းခြင်း
Airplane mode သို့ပြောင်းလဲခြင်းသည် ကြိုးမဲ့စနစ်နှင့် ဆယ်လူလာ အသုံးပြုမှုကို ပိတ်ပေးသောကြောင့် ဖုန်း ဘက်ထရီကို ယခင်ထက် နှစ်ဆပိုမြန်သောနှုန်းဖြင့် အားသွင်းပေးနိုင်သည်။
(၃) Email များကို အသံထွက်ဖတ်ရန် Siri ကို စေခိုင်းခြင်း
“Read my email” ဟု ပြောလိုက်ရုံဖြင့် Siri က message အားလုံးကို ကျယ်လောင်သော အသံဖြင့် ဖတ်ပေးနိုင်သည်။ မကြာသေးမီက ဝင်ရောက်ထားသော email များကို ဖတ်ခိုင်းလိုပါက “Read my latest email” ဟု ပြောကြားကာ စေခိုင်းနိုင်သည်။ ထို့အပြင် Maung Maung ၏ email ကို ဖတ်ရှုလိုပါက “Do I have email from Maung Maung?” ဟု ပြောကြားကာ စေခိုင်းနိုင်သည်။
(၄) ကောင်းကင်တွင် ပျံသန်းနေသည့် လေယာဉ်များကို ရှာဖွေခြင်း
“What flights are above me?” သို့မဟုတ် “Planes overhead” ဟု ပြောလိုက်ရုံဖြင့် Siri က ပျံသန်းနေသည့် လေကြောင်း ခရီးစဉ်များကို ဖော်ပြပေးမည် ဖြစ်သည်။
(၅) စာလုံးအသံထွက် အတွက် Siri ကို သင်ကြားပေးခြင်း
Siri က မှားယွင်းသည့် အသံထွက်ဖြင့် ပြောကြားသည့်အခါ “That’s not how you pronounce [BLANK]” ဟု ပြောကြားပြီး အသံထွက်အမှန်ကို သင်ကြားပေးနိုင်သည်။
(၆) Timer ဖြင့် သီချင်းကို အလိုအလျောက် ပိတ်ခြင်း
ညဘက်တွင် သီချင်းနားထောင်သည့်အခါ သီချင်းကို အလိုအလျောက် ပိတ်ပေးနိုင်ရန်အတွက် Timer ဖြင့် အသုံးပြုနိုင်သည်။ Clock app ရှိ Timer တွင် “When Timer Ends” ၌ “Stop Playing” ကို ရွေးချယ်ပြီး သတ်မှတ်ထားသည့် အချိန်တွင် ဖွင့်ထားသည့် သီချင်းကို ပိတ်ပေးနိုင်သည်။
(၇) ဗီဒီယိုများနှင့် သီချင်းများကို မြန်နှုန်း (၃) မျိုးဖြင့် ကျော်ခြင်း
ဒီနည်းလမ်းက အလွန်ကို အသုံးတည့်သည့် နည်းလမ်းဖြစ်သည်။ သီချင်း နားထောင်ခြင်း သို့မဟုတ် ရုပ်ရှင်ကြည့်ရှုရာတွင် မိမိလိုချင်သည့် နေရာသို့ ရောက်အောင် ကျော်ခြင်းကို Apple က scrub လုပ်သည်ဟု သုံးနှုန်းထားသည်။ Default mode က high-speed scrolling ဖြစ်သည်။ ၎င်းသည် လိုချင်သည့် နေရာကို အတိအကျ ရရှိစေရန် ခက်ခဲနိုင်သည်။ သို့သော်လည်း scroll လုပ်သည့် အမြန်နှုန်းကို ထိန်းချုပ်နိုင်သည်။ Video screen ၏ ထိပ်ဘက်ပိုင်းရှိ slider ကို ဖိထားပြီး အောက်သို့ ဆွဲချခြင်းဖြင့် ချိန်ညှိနိုင်သည်။ Scrubbing speed ကို half-speed, quarter-speed, eighth-speed (fine scrbbing) ဟူ၍ ပြောင်းလဲ ချိန်ညှိနိုင်သည်။
(၈) Volume ခလုတ်များဖြင့် ဓာတ်ပုံရိုက်ခြင်း
တစ်ခါတစ်ရံတွင် capture ခလုတ်ကို နှိပ်ဖို့ အခက်အခဲ ရှိနေချိန် ဓာတ်ပုံရိုက်လိုသည့်အခါ အသံအတိုးအကျယ် ပြုလုပ်နိုင်သည့် volume ခလုတ်များဖြင့် ဓာတ်ပုံရိုက်နိုင်သည်။ နားကြပ်မှ အသံအတိုးအကျယ် ခလုတ်များဖြင့်လည်း ဓာတ်ပုံရိုက်နိုင်သည်။
(၉) ခလုတ်တစ်ချက်နှိပ်ရုံဖြင့် ဓာတ်ပုံအများပြား ရိုက်ကူးခြင်း
ဓာတ်ပုံရိုက်ကူးသည့် captre ခလုတ်ကို ဖိထားခြင်းဖြင့် ဓာတ်ပုံအများအပြားကို အလျင်အမြန် ရိုက်ကူးပေးနိုင်သည်။ ၎င်းသည့် ရွေ့လျားနေသည့် အရာဝတ္ထုတစ်ခုကို ဓာတ်ပုံရိုက်ကူးရာတွင် အလွန်အသုံးတည့်စေသည်။
(၁၀) Text message များတွင် ပေးပို့ချိန်ကို ကြည့်ရှုခြင်း
Text bubble ကို ဘယ်ဘက်သို့ ဆွဲလိုက်သည့်အခါ text message တိုင်း၏ ပေးပို့ချိန်များကို သိရှိနိုင်သည်။
(၁၁) iPhone ကို ရေချိန်တိုင်း ကိရိယာအဖြစ် အသုံးပြုခြင်း
အိမ်နံရံမှာ ဓာတ်ပုံတစ်ပုံကို ချိတ်ဆွဲလိုသည့်အခါ သီးခြား ရေချိန်တိုင်းကိရိယာကို သုံးစရာမလိုပါဘူး။ Compass app ကို ဖွင့်ပြီး ဘယ်ဘက်ကို swipe ကာ ပြီးပြည်စုံသော ရေချိန်တိုင်း ကိရိယာအနေဖြင့် အသုံးပြုနိုင်သည်။
(၁၂) Select လုပ်ထားသည့် စာသားများကို အသံထွက်ဖတ်နိုင်ခြင်း
Settings > General > Accessibility > Speak Selection ကို ON ခြင်းဖြင့် စာသားများကို select လုပ်သည့်အခါ ပေါ်လာသည့် Speak ခလုတ်ကို နှိပ်ပြီး select လုပ်ထားသည့် စာသားများကို အသံထွက်ဖတ်စေနိုင်သည်။
(၁၃) Spacebar ကို နှစ်ချက်နှိပ်ပြီး ဝါကျအသစ်တစ်ကြောင်း စတင်ခြင်း
စာရေးသားရာတွင် ဝါကျအသစ်တစ်ကြောင်းဖြင့် စတင်လိုသည့်အခါ spacebar ကို နှိပ်ချက်နှိပ်ရုံဖြင့် ပြုလုပ်နိုင်သည်။ ထိုသို့ပြုလုပ်သည့်အခါ စာကြောင်းအဆုံးတွင် full stop တစ်ခုနှစ် space တစ်ခု အလိုအလျောက် ထည့်သွင်းပေးမည် ဖြစ်သည်။
(၁၄) Calendar app ကို အသေးစိတ် ကြည့်ရှုအသုံးပြုခြင်း
Calendar app ကို အသုံးပြုသည့်အခါ ဖုန်းကို landscape အနေအထားသို့ ပြောင်းလဲပြီး အသေးစိတ် ကြည့်ရှုနိုင်သည်။
(၁၅) ဓာတ်ပုံရိုက်ရာတွင် lock autofocus နှင့် exposure ဖြင့် အသုံးပြုခြင်း
ဓာတ်ပုံတစ်ပုံ ရိုက်ကူးသည့်အခါ iPhone ကင်မရာက focus နှင့် exposure ကို အမြဲချိန်ညှိပေးသည်။ သို့သော်လည်း screen ပေါ်တွင် အဝါရောင် စတုရန်
ယနေ့ခေတ် မြန်မာနိုင်ငံမှာ အပေါဆုံးနဲ့လူအကြိုက် အများဆုံး အသုံးအဆောင်ကို ပြပါဆိုရင်တော့ လူ တိုင်းနီးပါးရဲ့ လက်ထဲမှာရှိနေတဲ့ Smartphone aတွပဲ ဖြစ်ပါတယ်။
ဆက်သွယ်ရေး အော်ပရေတာတွေရဲ့ SIM ကတ်တွေ ဈေးကွက်ဝင်လာမှုနဲ့အတူ လူတိုင်းလူ တိုင်း ဖုန်းတစ်လုံးတော့ ကိုင်ထားကြပါတယ်။ ဒီနေရာမှာ ပြောစရာတစ်ခုတော့ ရှိလာပါတယ်။ အဲဒါကတော့ Smartphone အလွဲသုံးမှုပါ။ ဒီစာလုံးက လက်ရှိခေတ်စကား အနေနဲ့တော့ စိမ်းနေပါလိမ့်မယ်။ အကြောင်းကတော့ အလွဲသုံးမှုဆိုတဲ့စကားအနေနဲ့သုံးတာက မူးယစ်အလွဲ သုံးမှုဆိုတဲ့နေရာတစ်နေရာပဲ ရှိလို့ပါ။ ဒါပေမဲ့ မူးယစ်ဆေး ကလည်း စွဲတတ်သလို အခု Smartphone ကိုလည်း အလွဲသုံးမိလို့ကတော့ မှားတတ်ပါတယ်။
ကဲ . .ကျွန်တော့် ဆောင်းပါးလေးဆက်ပါ့မယ်။ ပထမဆုံးအနေနဲ့ ကျွန်တော်က Smartphone ရဲ့ ဆိုလိုရင်း အဓိပ္ပာယ်ကိုပြောချင်ပါတယ်။ ရန်ကုန်လူထုအနေနဲ့ တော့ Smartphone ရဲ့ ဆိုလိုရင်းကို နားလည်သဘော ပေါက်ကောင်းပေါက်နိုင်ပေမယ့် နယ်ဘက်ကစာဖတ်သူ တွေအတွက်ရည်ရွယ်ပြီး အခုစာပိုဒ်လေးကို ထည့်ပြော လိုက်တာပါနော်။
Smartphone ဆိုတာကတော့ Touch စနစ်နဲ့ သုံးနိုင်တဲ့ဖုန်းတွေကိုပြောတာပါ။ Keypad စနစ်နဲ့မဟုတ်တဲ့၊ ခလုတ်နှိပ်ရတဲ့ဖုန်းမဟုတ်တဲ့ဖုန်းအားလုံးကို Smartphone လို့ ခေါ်ပါတယ်။ နည်း ပညာမြင့်ဖုန်းစနစ်တွေကို ဆိုလိုတာပါ။
ဒီဖုန်းတွေရဲ့ အားသာချက်ကတော့ အလွယ်ဆုံးဥပမာပေးရရင် Message ပို့ဖို့အတွက် စာရိုက်တာတောင်မှ Keyboard ကို မျက်နှာပြင်မှာ ခေါ်ပြီးရိုက်နိုင်တာဖြစ်ကာ Keypad တွေမှာလို စာလုံးတစ်လုံးအတွက် ခလုတ်တစ်ခုတည်းကိုပဲ မျှပြီးသုံးရတာမျိုး မဟုတ်ပါဘူး။ ထားပါတော့၊ ဒါက ကျွန်တော့်ရဲ့လိုရင်းမဟုတ်ပါဘူး၊ ဒီတော့ Smartphone ဆိုတာနဲ့ Keypad မဟုတ်တဲ့ ဖုန်းတွေဆိုတာကို နား လည်ထားပေးရင် ရပါပြီနော်။
ဒီနေ့ခေတ်လူငယ်အများစုမှာ ကိုင်ဆောင်သုံးစွဲနေ တဲ့ ဖုန်းအမျိုးအစားက Smartphone တွေပါ။ Keypad တွကို ကိုင်ရမှာရှက်တဲ့ လူငယ်တွေတောင်ရှိပါတယ်။ အ ကြောင်းကတော့ Keypad တွေမကောင်းလို့၊ အားနည်း လို့ဆိုတာထက် တန်ကြေးကြောင့်ပါ။ ဈေးကွက်မှာ Keypad ဖုန်းတွေက ဈေးနည်းနည်းနဲ့ရနိုင်သလို Smartphone တွေ ကတော့ ဈေးမြင့်ပါတယ်၊ ဒါပေမဲ့ လူငယ်တွေအများစု ကိုင်ဆောင်နေကြတဲ့ Smartphone အများစုကတော့ တန်ကြေးအနည်းဆုံး သိန်းဂဏန်း ဝန်းကျင်ကနေ နောက် ဆုံးပေါ်ဖုန်းတွေထိအောင် သိန်းနဲ့ချီတဲ့ ဖုန်းတွေလည်း ပါပါတယ်။
ဒီတော့ဟုတ်ပြီ၊ တန်ကြေးနည်းတာကို မသုံးချင်ဘူး၊ တန်ကြေးကြီးတာကို သုံးချင်တယ်၊ ဒီတော့ဘယ်နေရာမှာ သုံးမှာလဲ၊ အသုံးဝင်အောင်သုံးမှာလား ဆိုတဲ့ မေးခွန်း တွေ မေးလာစရာရှိပါတယ်။ ကျပ် ငါးသိန်းလောက်တန် ကြေးရှိတဲ့ Smartphone ကိုင်ထားတဲ့ လူငယ်တစ်ယောက် ကို ကျွန်တော်အဲဒီမေးခွန်းမျိုး မေးကြည့်ဖူးပါတယ်။ သူ့ အဖြေကတော့''ဒီဖုန်းက မြင်ကွင်းကျယ်တယ်လေ အစ်ကို ရဲ့၊ Video တွေ ကောင်းကောင်းကြည့်လို့ ရတယ်၊ နောက် ပြီး Screen ကျယ်တော့ Facebook သုံးရတာလဲ အဆင် ပြေတယ်၊ Style လဲ ကျတယ်''လို့ ပြန်ဖြေပါတယ်။ သူ့ အဖြေထဲမှာ ဒီလောက်တန်ကြေးကြီးဖုန်းတစ်လုံးကို ကိုင် ထားပြီး ဒီဖုန်းရဲ့ တန်ကြေးနဲ့တန်အောင် အကျိုးရှိရှိအသုံး ချမယ်ဆိုတဲ့ အဖြေတစ်ခုမှမပါပါဘူး။
အဲဒါက ယနေ့ ခေတ်လူငယ်တွေရဲ့ Smartphone အလွဲသုံးမှုပါ။
တလောလေးက ကျွန်တော်စာရေးနေတဲ့ စာပေတိုက် တစ်တိုက်က သတင်းထောက်လေးတွေ Smartphone တစ်လုံးစီ အရစ်ကျစနစ်နဲ့ ဝယ်လာကြပါတယ်။ ပျမ်းမျှ ပြောရရင်တော့ သူတို့ဝယ်လာတဲ့ ဖုန်းတစ်လုံးစီရဲ့တန်ကြေး က ကျပ် နှစ်သိန်းခွဲလောက်ရှိပါတယ်။ ဒီတော့ ကျွန်တော် က ''မင်းတို့တွေ ဘာသုံးဖို့ဝယ်လာတာလဲ''လို့ မေးကြည့် ဖြစ်ပါတယ်။
''ကင်မရာလေးကောင်းတာရယ် နောက်ပြီး လူတောတိုးဖို့ရယ်လေဆရာရဲ့''လို့ ဖြေသွားကြပါတယ်။ ဟုတ်ပါပြီ၊ သတင်းထောက်ဖြစ်တဲ့အတွက် ဖုန်းနဲ့တစ်ပါ တည်းပါတဲ့ ကင်မရာကောင်းတာကို ရွေးချယ်ဝယ်ယူတာ ကိုတော့ ကျွန်တော်အပြစ်ပြောစရာမရှိပါဘူး၊ ဒါပေမဲ့ လူတောတိုးဖို့ဆိုတဲ့ အဖြေနဲ့အတွေးကတော့ တော်တော် ကိုမှားနေတာပါ။ ''သူတို့တွေရဲ့ လစာဘယ်လောက်ပေး ရသလဲ''လို့ အဲဒီတိုက်က အယ်ဒီတာကို မေးကြည့်တော့ ''တစ်သိန်းစွန်းစွန်းပါပဲ''တဲ့။
ကိုယ်ရတဲ့ လခနဲ့မတန်အောင် Smartphone တစ် လုံးကို အလွဲသုံးနေကြပါတယ်။ ဒါက ကျွန်တော်နဲ့နီးစပ်တဲ့ အပိုင်းပါ။ ကျွန်တော်နေတဲ့ ရွှေပြည်သာမှာကိုပဲ အထည် ချုပ်ဝန်ထမ်းလေးတွေဆိုရင် လစာသိန်းဂဏန်းလောက် နဲ့သိန်းကျော်တန်တဲ့ Smartphone တွေကို ဝယ်နေ၊ သုံး နေကြတာ မျက်မြင်ဖြစ်ပါတယ်။ ဒီတော့ သူတို့တွေ ဘာ အတွက် Smartphone တွေ ဝယ်နေတာလဲ၊ အဖြေက တော့ အထက်မှာ သတင်းထောက်လေးတွေဖြေတဲ့ အဖြေ မျိုးပါ။ လူတောတိုးဖို့ ဖြစ်ပါတယ်။
''သူများက တစ်သိန်း တန်ဖုန်းကိုဝယ်ရင် ကိုယ်ကသူ့ထက်တန်ကြေးနည်းတာ တော့ ဝယ်လို့မဖြစ်ဘူး''ဆိုတဲ့ အတွေးက ဒီနေ့ခေတ်လူငယ် တိုင်းမှာ စွဲနေ၊ တွေးနေကြတာပါ။
ဒီအတွေးက မှားပါတယ်၊ ကိုယ်က ဖုန်းတစ်လုံးကို ဝယ်တော့မယ်ဆိုတာနဲ့ အဲဒီဖုန်းကို ဘယ်လိုအပိုင်းတွေ မှာသုံးမှာလဲ၊ ဘယ်လောက်ထိ အဆင့်မြင့်ဖို့ လိုအပ်သလဲ ဆိုတာ ကြိုတွေးထားသင့်ပါတယ်။
မဟုတ်ရင်တော့ ကိုယ့် ရဲ့ ချွေးနှဲစာကို ကိုယ်တိုင်ဖြုန်းတီးပစ်လိုက်တာနဲ့တူ နေမှာပါ။ ဒီနေ့ ကျွန်တော်တို့ ဖုန်းတွေကို သုံးနေကြတာက အချင်းချင်းကြားမှာ ဆက်သွယ်မှုရှိဖို့ပါ။ ပြိုင်ဆိုင်ဖို့ မ ဟုတ်ပါဘူး။ ပြီးတော့ အခုဆောင်းပါးက အခြေခံလူ တန်းစား အများပြည်သူတွေ အတွက် ရည်ရွယ်ပါတယ်။ ပြိုင် ဖို့ မစဉ်းစားပါနဲ့၊ အသုံးတည့်ပြီး အဆင်ပြေဖို့ဦးစားပေးပါ။ သင့်အနေနဲ့ဖုန်းပြောဖို့ သက်သက်လောက်ပဲဆိုရင် တန် ကြေးနည်း Smartphone အမျိုးအစားကိုဖြစ်စေ၊ Keypad အမျိုးအစားကိုဖြစ်စေ သုံးသင့်ပါတယ်။
ဒီနေရာမှာ လူငယ်တော်တော်များများက တန်ကြေး ရှိတဲ့ ဖုန်းကိုသုံးမှ အထင်ကြီးခံရမယ်လို့ ထင်နေကြပါတယ်။ ဒီအတွေးကလည်း မှားတယ်လို့ ဆိုပါရစေ။ တကယ်လို့ လူတစ်ယောက်အတွက် အရေးကြီးတာက အရည်အချင်း ပါ၊ အသုံးအဆောင်မဟုတ်ပါဘူး။ တကယ်လို့ အထက်မှာ ဥပမာပေးခဲ့တဲ့ သတင်းထောက်လေးတွေလိုများ လူတော တိုးဖို့အတွက် တန်ကြေးကြီးတဲ့ Smartphone ကို ကျွန် တော်ကိုယ်တိုင်လည်း ဝယ်ကိုင်ရမယ်ဆိုရင် မခက်လားဗျာ။
လက်ရှိ ကျွန်တော်သုံးနေတဲ့ Smartphone ဆိုရင် ကျပ် ၇ဝဝဝဝလောက်ပဲ တန်ပါတယ်။ Mail အဝင်စစ်ဖို့အ တွက်၊ လိုအပ်ရင် Browser ဖွင့်ဖို့အတွက်၊ ဖုန်းခေါ်ဆို လက်ခံဖို့အတွက်၊ Message ပို့ဖို့အတွက် အဆင်ပြေပါ တယ်။ ဒါဆို မပြီးဘူးလားဗျာ၊ ကျွန်တော်တို့က လူချမ်းသာ တွေ မဟုတ်ပါဘူး၊ ဒီတော့ ပြိုင်ဆိုင်ဖို့ကို အရင်ဆုံးမတွေး ပါနဲ့အသုံးတည့်ဖို့ကိုသာ ဦးစားပေးကြပါဗျာ။ ။
ချစ်ဖေ(တောင်တွင်းမြေ)
#Democracytoday
(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
Phone နဲ့ Tablet တွေရဲ့ battery အားတွေကို ထိန်းသိမ်းရာမှာ ကောင်းမွန်တဲ့ application တစ်ခုလည်းဖြစ်ပါတယ်။ Application လေးက လှပတဲ့ ဒီဇိုင်းလေးနဲ့ batteryအသုံးပြုမှုကိုလည်းအကောင်းဆုံး ပြသပေးနိုင်တာကတော့ battery saver application တိုင်းမှာ
ရှိတဲ့အရည်အချင်းတွေနဲ့ကိုက်ညီမှုရှိတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။Batteryအသုံးပြုမှုအချိန်ကိုတိုင်းတာရာမှာလဲsystemပိုင်းတစ်ခုချင်းဆီအလိုက်ကို ဖော်ပြပေးတဲ့အတွက်ကြောင့် phone ရဲ့ battery အသုံးပြုမှုပမာဏနဲ့ အချိန်ကို သိနိုင်ပါတယ်။ Battery အသုံးပြုမှုကို ဖော်ပြပေးတဲ့ system ပိုင်းတွေကတော့ သီချင်းနားထောင်ရင်အသုံးပြုတဲ့ battery ပမာဏ၊ Video ကြည့်တဲ့အခါမှာ အသုံးပြုတဲ့ battery ပမာဏ၊ ဖုန်းပြောရင် အသုံးပြုတဲ့battery ပမာဏ၊ Internet အသုံးပြုတဲ့အခါ (Wifi/ Edge / 3G/ 4G) တိုတွေမှာ ဘယ်လောက်တွေအသုံးပြုထားတယ်ဆိုတာကို သီးခြားစီ ခွဲပြီးဖော်ပြပေးပါတယ်။ ဖုန်းကို ဘာမှ အသုံးမပြုပဲ Standby အနေအထားဆိုရင် battery ပမာဏကို ဘယ်လော်အသုံးပြုတယ်၊cahrgingပြန်သွင်းဖို့အတွက်အချိန်ဘယ်လောက်ပဲကျန်တော့တယ်ဆိုတာတွေကိုလည်း ဖော်ပြပေးပါတယ်။ LED Flashlight အသုံးပြုရင် battery ပမာဏ ဘယ်လောက်ကုန်တယ်၊ 2D Game , 3D Game တွေကစားတဲ့အခါ battery ဘယ်လောက်ကုန်တယ်၊ စာအုပ်ဖတ်တဲ့အခါ battery အားဘယ်လောက်ကုန်တယ်၊ GPS အသုံးပြုတာတွေ၊Video Chat လုပ်တာတွေ၊ ဓါတ်ပုံရိုက်တာတွေ နဲ့ ဗီဒီယိုရိုက်တာတွေ စတာတွေအားလုံးရဲ့ Battery အသုံးပြုမှုတွေကို ပြသပေးတဲ့အတွက်ကြောင့် ဒီ application လေးရှိရုံနဲ့ ကိုယ်ဖုန်းရဲ့ battery life ကို သေးစိတ်သိရှိနိုင်ပါပြီ။
ဒီ application လေးကို အသုံးပြုချင်တယ်ဆိုရင်တော့ Android version 2.0 နဲ့အထက်မှာ အသုံးပြုလို့ရပါပြီ။အသုံးပြုမယ်ဆိုရင်အောက်မှာဒေါင်းနိုင်ပါတယ်။
် Download Here
Credit- ဝင်းလှိုင်(နည်းပညာ)
၁။ ဖုန်းများကို အပူဓာတ်လွန်ကဲမှုမဖြစ်အောင် ထားပါ။
အပူဓာတ်လွန်ကဲမှုသည် ခေတ်မှီ Smartphones များနှင့် tablet များအတွက် အလွန်စိုးရိမ်ရပါတယ်။ Mobile ဖုန်းများကို နေရောင်ခြည်နှင့် တိုက်ရိုက်မထိတွေ့ မိအောင် လက်ကိုင်ပုဝါဖြင့် ဖုံးထားပါ။ ပူပြင်းသော အချိန်တွင် ဖုန်းကို ကားပေါ်တွင် ချန်မထားခဲ့ပါနှင့်၊ မိမိနှင့် တပါးတည်း ယူဆောင်သွားပါ။
၂။ ဖုန်းထဲသို့ ရေမဝင်ပါစေနှင့်။
လျှပ်စစ်ပစ္စည်းများသည် ရေစိုခံ၍မရပါ။အကယ်၍ သင်၏ ဖုန်း ရေထဲကျသွားပါက ဖုန်းကို လျှင်မြန်စွာ ဆန်ခွက်ထဲသို့ထည့်ထားပါ။ ဖုန်း ပျက်စီးမှုဒဏ်မှလျော့ပါးစေပါတယ်။
၃။ ဖုန်းကို ကြာကြာသုံးပြီး အားသွင်းခြင်းလျှော့ပါ။
ဖုန်းကို တစ်နေကုန် တစ်နေခမ်း အသုံးပြုပြီး အိမ်သို့ပြန်ရောက်ချိန်တွင် ဖုန်းအားသွင်းရန် အချိန်မပေးနိုင်ခြင်း မေ့လျော့ခြင်းများဖြစ်တတ်ပါတယ်။ ဖုန်းအား မရှိပါက သင်၏ တစ်နေ့တာအစီအစဉ်များ ပျက်ယွင်းနိုင်ပါတယ်။ BatteryDoc အစရှိတဲ့ app မျိုးကို ဖုန်းတွင်ထည့်ထားပြီး ဖုန်းအားသွင်းပါက ဖုန်း battery သက်တမ်းပိုမိုကြာရှည်စွာ အသုံးပြုခံပါတယ်။
၎။ ဖုန်းပျောက်ဆုံးပါက ပြန်လည်ရှာဖွေရန်နည်းလမ်း။
ဖုန်းပျောက်ဆုံးခြင်းက လွန်စွာဆိုးရွားတဲ့ဖြစ်ရပ်တစ်ခုပါပဲ။ OS ဖုန်း တော်တော်များများ ပျောက်ဆုံးပါက ပြန်ရှာနိုင်ရန် built in service များထည့်သွင်းထားနိုင်ပါတယ်။ ပျောက်ဆုံးချိန်တွင် ပျင်းရိမနေပဲ လျင်မြန်စွာပြန်ရှာသင့်ပါတယ်။
(အင်တာနက် ကောင်းမွန်ရန် လိုအပ်ပါသည်)
၅။ ဖုန်း ပွန်းပဲ့ခြင်းမှ ကာကွယ်နိုင်ရန်။
ဖုန်း ကို လက်ထဲမှ လွတ်ကျခြင်းက အမြဲဖြစ်လေ့ရှိကြပါတယ်။ ထိုကဲ့သို့ ထိခိုက်ခြင်းမှ ကာကွယ်နိုင်ရန် scratch protection များထည့်သွင်းသင့်ပါတယ်။ Protectors များတွင် ဈေးနှုန်းချိုသာသော protectors များလည်းရှိပါသည်။ ZAGG invisibleSHIELD နှင့် Armortech ကဲ့သို့သော screen protectors များသည် သင်၏ smartphone မျက်နှာပြင်ကို မတော်တဆထိခိုက်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။
Credit : Chitmin Thu
ခေါင်းတစ်ခြမ်းကိုက်ခြင်း (Migraine) ကို အနောက်နိုင်ငံတွေမှာ ရုံးပိတ်ရက် ခေါင်းကိုက်ခြင်း (Weekend Headche) လို့ ခေါ်တတ်ကြပါတယ်။ ရုံးပိတ်ရက်ဖြစ်တဲ့ စနေ၊ တနင်္ဂနွေမှာ အဖြစ်များလို့ပါ။
ဘာကြောင့်လဲဆိုတော့ ရုံးပိတ်ရက်တွေမှာ တော်ရုံနဲ့အိပ်ရာကမထဘဲ အီလေးဆွဲကာ လှဲနေတတ်တာကြောင့်ပါ။ အိပ်ရာထချိန် ရုတ်တရက်ပြောင်းလဲသွားခြင်းက ဟန်ချက် ညီအောင် ထိန်းပေးတဲ့ ဟော်မုန်းတွေကို ထုတ်ပေးတဲ့ ဦးနှောက်ရှိ hypothalamus အပိုင်းကို အကြီးအကျယ်သွားရောက် ထိခိုက်နိုင်တာကြောင့် ခေါင်းကိုက်ရခြင်း ဖြစ်ပါတယ်။
ဒါ့အပြင် ပုံမှန်ရက်တွေမှာ ကော်ဖီ၊ လက်ဖက်ရည်သောက်နေကျအချိန်မှာ မသောက်ဘဲ အိပ်နေပါကလည်း ကောဖီသောက်နေသူ ကော်ဖီဖြတ်ရာမှာ ဖြစ်ပေါ်တတ်တဲ့ ခေါင်းကိုက် မှုလည်း ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အိပ်ချိန်ပုံမှန် ဖြစ်သင့်ပါတယ်။
ပင်ပန်းပြီး အိပ်ချင် နေရင်တောင် ထနေကျအချိန်မှာ ထလာပြီး နေ့လယ်နေ့ခင်းမှ တစ်ရေးတစ်မော ပြန်မှေးလိုက်ပါ။
Credit - Mg Mandalay`s Facebook
ဆန်းပြားသောစိတ်ပိုင်းဆိုင်ရာကြောင့် လူတစ်ဦး၏ ကျန်းမာရေးကို ထိခိုက်လာနိုင်ပါသည် ။ စိတ်ထောင်းရင် ကိုယ့်ခန္ဓာကိုယ်တောင် လုပ်ကိုင်နေပေမဲ့ အားမလို အားမရဖြစ်လာတက်သည့် စိတ်ပါ ။
စိတ်ဓာတ်ကျနေသည့်အခါမှာ လူက မလှုပ်ချင် မကိုင်ချင်လောက်အောင်ပင်ဖြစ်ပေါ်လာတက်သည် ။
အဲလိုစိတ်ဓာတ်ပိုင်းဆိုင်ရာဖြစ်ပေါ်လာပြီဆိုလျှင် လုပ်ဆောင်သင့်ခြင်းအကောင်းဆုံးက လေ့ကျင့်ခန်းလုပ်ပေးရပါမယ် လမ်းတွေလျှောက်ပေးရပါမယ် အသက်ဝဝ ရှူရိုက်သည့်လေ့ကျင့်ခန်းကို မဖြစ်မနေလုပ်ဆောင်ရပါလိမ့်မည် အဲလို လုပ်ဆောင်ပေးခြင်းကြောင့် ပြန်လည်လန်းဆန်းလာပါလိမ့်မည် ။ ညဖက်ပိုင်း အိပ်ချိန်များကို လျော့နည်းခြင်းမရှိစေရပါဘူး အိပ်ရေးပျက်မှု့ တွေများလာပြီဆိုလျှင် သွားလာနေထိုင်သည့် ခန္ဓာကိုယ့်တွေလေးလံလာမယ် လှုပ်ရှားခြင်းတွေနည်းပါးလာမယ် နောက်တစ်ခုတက်လှမ်းမှု့ က အစားအသောက်တွေပျက်လာပါမယ် အဲလိုမျိုးဖြစ်ပေါ်လာခဲ့ရင် ကျန်းမာရေးကို ဆိုးရွားစွာဖြစ်ပေါ်လာပါလိမ့်မည် ။
စိတ်ပိုင်းဆိုင်ရာ စိတ်ဓာတ်ကျဆင်းခြင်းအတွေးစိတ်တစ်ခုမျှ မိမိစဉ်းစားမိလာလျှင် အားမရခဲ့လျှင် ဌင်းအကြောင်းအ၇ာအတွေးများကို ချက်ခြင်းဖယ်ထုတ်ရှင်းလင်းလိုက်ပါ မိမိဝါသနာပါသော အလုပ်ကို သာမန်လုပ်ဆောင်နေသည့်အချိန်ထက် အနည်းငယ် ပိုမိုလုပ်ဆောင်လိုက်ပါ ။ စိတ်အာရုံပြောင်းလဲခြင်းတစ်ခုကိုချက်ခြင်း အစားထိုးလုပ်ဆောင်ရပါလိမ့်မည် ။
စိတ်ကို စိတ်နဲ့ ပြန်လည်ကုသရပါလိမ့်မည် ။ စိတ်ပိုင်းဆိုင်ရာဝေဒနာအရပ်ရပ်များစွာရှိနေပေမဲ့ စိတ်ဓာတ်ကျဆင်းခြင်းသည့် မိမိရှင်သန်နေသည့်ဘဝတွက် အနာဂတ်ကို ပုံဖော်နိုင်စွမ်းစွမ်းရည်တွေလည်း ပျောက်ကွယ်သွားတက်ပါသည် ။ အခုတင်ပြချက်သည့်လုံလောက်သောအနေအထားတစ်ခု မဟုတ်ပါ ဆန်းကြယ်သောစိတ်ပိုင်းဆိုင်ရာအကြောင်းများစွာကို ရေးသားတင်ပြခဲ့ပြီးလည်းဖြစ်ပါသည် ။
အမျိုးသားများတွင်စိတ်ဓာတ်ကျဆင်းခြင်း လက္ခဏာကို သိသာနိုင်ပေမဲ့ အမျိုးသမီများအနေဖြင့် သိသာနိင်ခဲးပါသည် ။ ပြောဆိုရခြင်းကို ရှက်ကြောက်ခြင်းနှင့် တစ်ခြားလုပ်ဆောင်သည့်သည်များကို အရှက်အကြောက်များကြောင့် စိတ်ပိုင်းဆိုင်ရာဝေဒနာအတွက် ဖော်ဆောင်နိုင်ရန် ခက်ခဲးပါသည် ။ မိမိဖာသာ ခံစားခြင်းကိုဘဲ အမျိုးသမီးများကသာ ဖြစ်ပေါ်ပါတယ် ဒါပေမဲ့ အမျိုးသားများထက် အမျိုးသမီးများတွင်ချက်ခြင်း ကြီးမားသော ပြသနာမဖြစ်ပေါ်ပေနိုင်ပေမဲ့ ကာလရက်ရှည်လာလျှင်တော့ မကောင်းပါဘူးလို့ ပြောပါရစေ ။
တဖြေးဖြေးခြင်း လောင်မြိုက်တက်သော စိတ်ဓာတ်ကျဆင်းကို လေ့ကျင့်ခန်းများလုပ်ဆောင်ခြင်း ၊ လေကောင်းလေသန့် များကို ဝဝလင်လင်ရှုရှိုက်ပေးခြင်း ၊ အစားသောက်ကို ပုံမှန်အတိုင်းဖြစ်အောင် စားသောက်ပေးခြင်း ၊ မိမိ ဝါသနာပါသောအလုပ်ကို အချိန်ပိုမိုလုပ်ဆောင်ပေးခြင်း ၊ မိမိခံစားမှု့ ကိုဖွင့်ဟတိုင်ပင်ပြောကြားပေးခြင်း ၊ အိပ်ရေးပျက်ခြင်းအပြု့ အမှု့ ရှောင်ရှားခြင်းနှင့် တရားထိုင်အလုပ် လုပ်ဆောင်ပေးခြင်းတို့ သည့် ကျော်လွှားနိုင်သော နည်းလမ်းတစ်ချို့ ပင်ဖြစ်ပါတော့သည် ။
အသက်ရာကျော် ရှည်ပါစေ
Credit - Mg Mandalay`s Facebook